28 C
Yangon

ရန်ကုန်ရှိ ရဲစခန်း ၅ ခုနှင့် ထွေအုပ်ရုံးတို့ကို ၃ ရက်ဆက် အဝေးထိန်း မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်ရှိ ရဲစခန်း ၅ ခုနှင့် ထွေအုပ်ရုံးတို့ကို ၃ ရက်ဆက် အဝေးထိန်း မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၃၀

ရန်ကုန်မြို့ရှိ ရဲစခန်း ၅ ခု နှင့် ထွေအုပ်ရုံးများကို ၃ ရက်ဆက် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ YDBP ထံမှ သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်တွင် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ပတ္တမြားလမ်းရှိ အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ ခွဲကို KMD 18 Hunter Unit က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၁၄ မိနစ်တွင် မြောက်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ယင်းနေ့ ည ၉ နာရီ ၁၉ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်ရှိ ရွှေပေါက္ကံမြို့နယ်ရှိ ရွှေပေါက္ကံ ရဲစခန်း တို့ကို Guardians UG အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၅၆ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ တောင်ဥက္ကလာ ရဲစခန်း နှင့် ယင်းနေ့ ည ၈ နာရီ ၅၇ မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်ရှိ ရန်ကင်း ရဲစခန်းတို့အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲဘော်များမှ လည်းကောင်း၊ ယင်းနေ့ ည ၈နာရီ ၅၀ မိနစ်ခန့်တွင် အရှေ့ဒဂုံမြို့နယ်ရှိ ရဲစခန်းတို့ကို KMD 18 Crow Squad အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက မဟာမိတ်များနှင့်လက်တွဲ၍ To The Unsung Heros ရန်ပုံငွေရှာပွဲအား ဂုဏ်ပြုသောအားဖြင့် အညတရ ခြေသံ အမည်ဖြင့် Mission များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး မပြီးဆုံးသေးဘဲ ပုံမှန်မဟုတ်သေးသောအချိန်တွင် ပုံမှန်ဖြစ်နေသကဲ့သို့ နိုင်ငံတကာမှ ထင်အောင် နေထိုင်ပြုမူနေခြင်းသည် ပြည်သူ့ရန်သူ စစ်ကောင်စီကို ထောက်ခံ အားပေးရာ ရောက်ကြောင်း၊ ထို့ကြောင့် အပျော်လွန်ပွဲများ ကျင်းပခြင်းကို မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပြီး ရန်ကုန်သည် ပြည်သူမှပိုင်သောမြို့ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ YDBP က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article