25.9 C
Yangon

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ သြဂုတ် ၃၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ကဲလင်းဆိပ်ရွာနှင့် အနီးအနားရှိ နေရာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ ပစ်ခတ်နေခြင်းဖြစ်​ကြောင်း၊ ဒေသပြည်သူများလည်း လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ရေတာရှည်မြို့ အရှေ့ဘက်က ကဲလင်းဆိပ်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲသွားတယ်။ ဒီနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး လာကျဲတာပဲ၊ ရေတာရှည်မြို့ တောင်ဘက်မှာရှိတဲ့ စစ်ခွေး အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article