30 C
Yangon

ရေဖြူမြို့နယ်ရှိ ရပ်တော်မူဘုရား၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရေဖြူမြို့နယ်ရှိ ရပ်တော်မူဘုရား၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၃၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ရပ်တော်မူဘုရား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ၂၉ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ရေဖြူမြို့နယ်၊ ‌ရေဖြူတံတားအနီးရှိ ရပ်တော်မူဘုရားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ချိန်၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

” တိုက်ခိုက်မှုအတွင်း စစ်ခွေး ၃ ကောင်သေတယ်။ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်လောက်ဖြစ်ပွားခဲ့တယ်” ဟု ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) – တပ်ခွဲ(၄)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း (T-1)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ DDT – တပ်ခွဲ(၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article