28 C
Yangon

INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကိုပါ ထပ်မံ ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် စေခိုင်း

Must read

INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကိုပါ ထပ်မံ ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် စေခိုင်း

ရန်ကုန်၊ ဩဂုတ် ၃၁

INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စည်းလုံးညီညွတ်ရေး ထိခိုက်စေမည့် ရေးသားထုတ်လွှင့်မှုများ မရှိစေရေး စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကို ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင် လှိုင် က ပြော ဆို သည်။

နေပြည်တော်တွင် ယမန်နေ့ ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ အချို့သော ပြည်ပ အကူအညီများမှာ INGO နှင့် NGO များမှတစ်ဆင့် မျှဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ INGO နှင့် NGO များကို အကူအညီပေးနေသည့် အဖွဲ့အစည်းနှင့် နိုင်ငံများက အသုံးချမှု ရှိကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်နယ်ပယ်များကို ကြပ်မတ်သွားရန်၊ အဓိကအားဖြင့် မင်းအောင်လှိုင်က အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့်လုပ်ဆောင်မှုများ ရေးသားထုတ်လွှင့်မှုများ မရှိစေရေး ထိန်းချုပ်ရန် ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကို ထိန်းချုပ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ထပ်မံ ပြင်ဆင် တင်းကျပ်ခြင်းဖြင့် ပြည်တွင်းပြည်ပ INGO ၊ NGO များကို ထိန်းချုပ်ခဲ့သည်။ ယခုတစ်ဖန် အကြမ်းဖက်မင်းအောင်လှိုင်က INGO များနှင့် NGO များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်မံ ထိန်းချုပ် တင်းကျပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article