25 C
Yangon

ထီးလင်းတွင် အကြမ်းဖက် စစ်တပ်က ဓားစားခံလမ်းပြအဖြစ်ဖမ်းဆီးခဲ့သူ အမျိုးသား တစ်ဦး မိုင်းမိသေဆုံး

Must read

ထီးလင်းတွင် အကြမ်းဖက် စစ်တပ်က ဓားစားခံလမ်းပြအဖြစ်ဖမ်းဆီးခဲ့သူ အမျိုးသား တစ်ဦး မိုင်းမိသေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာတောင်ဘက်၊ မန်ကျင်းခင်လမ်း တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနှင့်အတူ ဓားစာခံ လမ်းပြအဖြစ် ဖမ်းဆီး ခံရသူ အမျိုးသားတစ်ဦး မိုင်းမိ သေ ဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ထီးလင်းမြို့နယ်၊ ကျား ခဲ ကျေးရွာတွင် စစ်တပ်စစ်ကြောင်းက ညအိပ်ကာ ပြည် သူ့နေအိမ် များကို တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေ ခိုးယူသွားကြောင်း၊ အဆိုပါ အင် အား ၈၀ ကျော်ပါ စစ်ကြောင်းမှ ရှေ့ပြေးပွိုင့် ၁၀ ဦးသည် ကျားခဲ့ကျေးရွာမှ ထွက်လာစဉ် ပဒေသာမိုင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်သား ၄ ဦး သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ဓားစာခံ လမ်းပြ အဖြစ် ဖမ်းဆီးထားသူ အသက် ၄၀ ခန့်အရွယ်ရှိ ကျားခဲကျေးရွာသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အမျိုးသားတစ်ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းရတော့ ဒီစစ် ကြောင်း နဲ့ ပါသွားတာ ထင်တယ် ဆိုတဲ့ သံသယနဲ့ မိုင်းဆွဲတဲ့နေရာ အနီး အနားတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ရင်း၊ မှတ်တမ်းတွေ လည်း ဖို့ဆိုပြီးတော့ သွားကြ တာ၊ မိုးတအားရွာထားတော့ တချို့သွေးကွက်တွေက ပျောက်နေပြီးတော့ အသားစ တွေ ကျန်ခဲ့တာဗျ၊ အလောင်းကလည်း မသင်္ကာ စရာတွေ့တာနဲ့ ဖောက်ရင်းတွေ့တာ၊ အဲလိုတွေ့ လို့ အတည်ပြုကြည့်တဲ့အခါ ကျားခဲကျေး ရွာသား ဖြစ်နေတာ၊ သူ့အလောင်းကို မြှုပ်ပစ်ခဲ့ပြီးတော့ စကစ အလောင်းတွေ ကျတော့ မြို့ပေါ်ကို သယ်သွားပြီး တော့ ထီးလင်းသုသန် မှာပဲမြေမြှုပ် သင်္ဂြိုလ် ကြ တယ် ဗျ၊” YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မိုင်းမိသေဆုံးသူ ဓားစာခံ လမ်းပြအမျိုးသားမှာ အသက် ၄၀ အရွယ်ခန့်ရှိ ကျားခဲကျေးရွာ သားတစ်ဦးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ထန်းတော ဘက်သို့ သွားရောက်စဉ် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံရပြီး ဓားစာခံ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article