Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့ ဝန်ထမ်းလစာတွေထဲမှာ နှစ်သောင်းတန် ငွေစက္ကူတွေကို ထည့်သွင်းအသုံးပြုနေပြီး မကြာမီမှာလည်း စစ်ကောင်စီက ငွေပေးချေမယ့် ဝန်ကြီးဌာန လမ်းတံတား နဲ့ အဆောက်အအုံ တင်ဒါတွေမှာပါ နှစ်သောင်းတန်တွေကိုပဲ အဓိကအသုံးပြုမှာဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းမှာ တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ အကြမ်းဖက် စစ်တပ်ဘက်က တပ်ရင်းမှုး နဲ့ ဒုတပ်ရင်းမှုးတွေ အပါအဝင် အယောက် ၇၀ ကျော် သေသွားတဲ့ အပြင် လက်နက်အများအပြားကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် နဲ့ ကွတ်ခိုင် မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ် နဲ့ TNLA တပ်အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။