28 C
Yangon

ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ ၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအနီး စစ်တပ်ရိက္ခာယာဉ်တန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

Must read

ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ ၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအနီး စစ်တပ်ရိက္ခာယာဉ်တန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Middle Revolution Task Force(MRTF)Drone တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ် ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်တပ်က တပ်စွဲထား သော ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်းများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မူတွင် Middle Revolution Task Force (MRTF)Drone တပ်နှင့် Royal Defense Force အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်သဖြင့် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အင်ပင်ဂိတ်က စစ်သား ၁ ဦးသေတယ်။ ၃ ဦးပြင်းထန်ဒဏ်ရာရတယ်။ လုပ်ရတာတန်သွားပြီ” ဟု Middle Revolution Task Force (MRTF) Drone တပ်မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

အလားတူ ဩဂုတ်လ ၃၁ ရက်နေ့ MRTF၊ DMG၊ RPTF ၊ ရွှေဓားဗိုလ် အဖွဲ့တို့က မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာ တောင်ဘက်တွင် ဗွက်နစ်နေသော စစ်ကောင်စီရိက္ခာ ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ပြီး ဒေသကာ ကွယ် ရေး တပ်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း Middle Revolution Task Force (MRTF) Drone တပ်မှ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အသုံးပြုနေသော ဒရုန်းနှင့် ဗုံးသီးများ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အသုံးပြုနေသော ဒရုန်းနှင့် ဗုံးသီးများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article