ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ စက်တင်ဘာ ၂
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ဒေါ်ဖြိုးနှင့် အမွှေမများ လှူဒါန်းသော ထမင်း၊ ငါး၊ သီးစုံပဲကုလားဟင်း၊ ရိုးရာအထောင်းနှင့် ဂေါ်ဖီသုတ်တို့ကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

