By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၁၇ ရက် ညနေပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၁၈၆သန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ တယ်လို့ထုတ်ပြန် ထားပါတယ်။
-တရုတ်-မြန်မာနယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာဘက်က တင်ပို့တဲ့ သစ်သီးဝလံတွေနဲ့ အခြားသောကုန်စည်ဈေးကွက်တွေဟာ ပုံမှန်ပြန်မဖြစ်ဘဲ တရုတ်အာဏာပိုင်တွေရဲ့ အမျိုးမျိုးသော ဥပဒေတွေကြောင့် ကုန်တွေ ပုတ်သိုးပျက်စီးမှုတွေရှိနေပါတယ်။
-စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် ဝမ်းပြည့်ရွာအနီးမိုင်းရှင်းဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် တပ်သား၁၀ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။စတဲ့သတင်းတွေနဲ့ နောက်ဆုံရသတင်းတွေကို တင်ဆက်ပေးပါမယ်။