25.6 C
Yangon

မြ၀တီတွင် စစ်တပ်နှင့်အရာရှိ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသော ဒရုန်း တိုက်ခိုက်မှုအပြီး စစ်တပ်လက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများ ဌာနဆိုင်ရာရုံးနှင့်ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားကြရန် Federal Wings က သတိပေး

Must read

မြ၀တီတွင် စစ်တပ်နှင့်အရာရှိ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသော ဒရုန်း တိုက်ခိုက်မှုအပြီး စစ်တပ်လက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများ ဌာနဆိုင်ရာရုံးနှင့်ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားကြရန် Federal Wings က သတိပေး

■ လက်နက်ကိုင်ထားသူများကို ထိခိုက်စေရန် ရည်ရွယ်ရင်းရှိ၍ လက်နက်ကိုင်မထားသည့် ဝန်ထမ်းများ၊ မိသားစုများကို သတိပေးခြင်းဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့်အရာရှိ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသော ဒရုန်း တိုက်ခိုက်မှုအပြီး စစ်တပ်လက် အောက်ခံ ဝန်ထမ်းနှင့် မိသားစုများ ဌာနဆိုင်ရာရုံးနှင့်ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားကြရန် Federal Wings က သတိပေးချက် ထုတ်ပြန်လိုက်သည်။

Federal Wings အနေဖြင့် စစ်ကောင်စီတပ်များအားတော်လှန်တိုက်ခိုက်ရာတွင် လက်နက်ကိုင်ထားသူများကိုသာ ထိခိုက်စေရန်ရည်ရွယ်ရင်းရှိသည်။ သို့ဖြစ်ပါ၍ လက်နက်မကိုင်ထားသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် မိမိတို့သက်ဆိုင်ရာဌာနရုံးဌာနများ၊ ရုံးခန်းများနှင့် ဝန်ထမ်းအိမ်ရာများမှ စွန့်ခွာဖယ်ရှားပေးထားကြရန် အထူးသတိပေးအပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် Federal Wings ဒရုန်းတပ်ဖွဲ့က မြ၀တီမြို့နယ် ထွေ/အုပ်ရုံး၊ ရဲစခန်းတို့ကို ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်မှ (၅) ဦးသေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ ဒရုန်းဗုံးထိမှန်၍ သေဆုံးသည့် စစ်ကောင်စီလက်အောက်ခံများမှာ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ဖြစ်ပြီး ထိခိုက်ဒါဏ်ရာရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦးတွင် (၅) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသည်မှန်သော်လည်း မလိုလားအပ်သည့်ဘေးထွက်ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မြဝတီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြပါရန် အထူး မေတ္တာရပ်ခံ သတိပေးလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article