34 C
Yangon

ညောင်ဦးမြို့တွင် ကင်းလှည့်နေသော စစ်တပ်Double Cab ကားကို လမ်းပေါ်တွင်ပင် မိုင်းထောင်ဖောက်ခွဲမှု စစ်သား ၁ ဦး ဗိုက်ပေါက်သေဆုံးပြီး ၃ ဦးဒဏ်ရာရ

Must read

ညောင်ဦးမြို့တွင် ကင်းလှည့်နေသော စစ်တပ်Double Cab ကားကို လမ်းပေါ်တွင်ပင် မိုင်းထောင်ဖောက်ခွဲမှု စစ်သား ၁ ဦး ဗိုက်ပေါက်သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၅

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ကင်းလှည့်နေသော စစ်တပ် Double Cab ကား လာသည့် လမ်းပေါ်တွင်ပင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ဗိုက်ပေါက်သေဆုံးပြီး စစ်သား ၂ ဦးနှင့် ပြည်သူ ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ညောင်ဦးမြို့၊ အမှတ် ၅ ရပ်ကွက်တွင် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ ကျင်းပနေပြီး ယင်းဘောလုံးပွဲအတွက် စစ်တပ်က Double Cab အမျိုးအစား ယာဉ်ဖြင့် လှည့်ကင်းလှည့်လည်နေကြောင်း၊ ထိုအချိန် စစ်ကားလာသည့် လမ်းပေါ်တွင် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကားကို တည့်တည့် ထိမှန်သွားကြောင်း၊ စစ်ကားပေါ်တွင် လိုက်ပါလာသော တပ်ကြပ်အောင်စိုးမိုးသည် ဗိုက်ပေါက်ဒဏ်ရာ၊ ရင်ဘတ်ထိမှန်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် တပ်သားသိန်းဇော်ဝင်းနှင့် တပ်သားဖြိုးဝေလင်းတို့မှာ ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း၊ ပြည်သူ ၁ ဦးမှာလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ကားလာတဲ့အချိန်နဲ့ မိုင်းပေါက်ကွဲတာနဲ့က ကွက်တိကျတာ။ ကားကတော့ စုတ်ပြတ်သတ်သွားတယ်။ စစ်ခွေး ၁ ဦးသေပါတယ်။ ကျန် စစ်ခွေး ၂ ဦးဒဏ်ရာရတယ်။ မနေ့ညကလည်း ညောင်ဦးမှာ စစ်ခွေးနဲ့ ရဲခွေးတွေ တရုန်းရုန်းနဲ့ကို ဖြစ်နေတာ။ ဂိတ်ချ စစ်ဆေးတာတွေလည်း လုပ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်လော်ဘီတချို့ ဖော်ပြထားသည့် ညောင်ဦးတွင် မိုင်းထိသွားသော စစ်ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article