25 C
Yangon

ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူပေါင်းပြီး ကျွန်းစုမြို့နယ်၊ ကော့ကနင်းကျေးရွာတွင် WY စိတ်ကြွရူးသွပ် ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲ အောင်ကိုလတ် ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ မြိုင်သာကျေးရွာနေ စိုးသန်းနှင့် သန်းထိန်(ခ)ကုလား တို့ထံမှလည်း WY စိတ်ကြွရူးသွပ်ဆေးပြား ၂၀ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” သူတို့ကို ထိပ်တုံးခတ်ပြီး အပြစ်ပေးထားပါတယ်။ ပြီးရင်တော့ အာမခံ ကတိကဝတ် လက်မှတ်ထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးမှာပါ။ သူတို့နောက်ထပ် ဆက်မလုပ်ဖို့လည်း သတိပေး ဆုံးမထားပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တရားခံ ၃ ဦးကို ထိုက်သင့်သည့် အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး သုံးစွဲခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးဆုံးမခဲ့ကြောင်း၊ ၎င်းတို့ထံမှ သိမ်းဆည်း ရမိခဲ့သည့် WY စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article