33 C
Yangon

စစ်အုပ်စု ကို ဘဏ္ဍာငွေနဲ့စစ်လက်နက် ထောက်ပံ့နေတဲ့ “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” သူဌေးကြီးများစာရင်း JFM ထုတ်ပြန်

Must read

စစ်အုပ်စု ကို ဘဏ္ဍာငွေနဲ့စစ်လက်နက် ထောက်ပံ့နေတဲ့ “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” သူဌေးကြီးများစာရင်း JFM ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဘဏ္ဍာငွေနဲ့စစ်လက်နက် ထောက်ပံ့နေတဲ့“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” သူဌေးကြီးများကို စင်ကာပူနိုင်ငံအား ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice For Myanmar စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Justice For Myanmar က Forbes 30 Under 30 အစီစဉ်ကိုအတုယူပြီး စင်ကာပူနိုင်ငံ ကတဆင့် ဘဏ္ဍာငွေ၊ စစ်လက်နက် နဲ့ ဆက်စပ်ပစ္စည်းများ တရားမဝင်စစ်အုပ်စုထံ တင်သွင်းပေးနေတဲ့ သူဌေးကြီးတွေကို သရော် ရှုတ်ချတဲ့ အနေနဲ့ “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” အစီစဉ်ကိုပြုလုပ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” အစီစဉ် ဟာတရားမဝင် မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ သူဌေးကြီးတွေ အပေါ် အရေးယူဆောင်ရွက်ရေးအတွက် အာရုံစိုက်လာစေရန် ကြိုးပမ်းမှုအသစ်တစ်ရပ်အနေနဲ့စတင်တာဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။

“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” စာရင်းမှာ သူဌေးကြီး ၉ ဦး အကြောင်းကို ဖော်ပြထားပြီး၊ သူတို့ဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေး လုပ်ဆောင်ရလွယ်ကူမှုကို အသုံးပြုကာ စစ်အုပ်စုထံ ဘဏ္ဍာငွေကြေးများ၊ စစ်လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ဆက်လက်တင်သွင်းနေကြသူတွေဖြစ်တယ်လို့ JFM ကဆိုပါတယ်။

မြန်မာစစ်အုပ်စုထံ ဘဏ္ဍာငွေများ နဲ့ စစ်လက်နက် ရောက်ရှိနေမှုကို ပိုပြီးဟန့်တားနိုင်ရေးအတွက် စင်ကာပူနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုဖိအားပေးနိုင်ဖို့ ရာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” လှုပ်ရှားမှုကို စတင်တာ ဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။

“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” ရဲ့ ဝိသမထွဋ်ခေါင် လုပ်ငန်းရှင် ၉ ဦး ကတော့

• ထူးကုမ္ပဏီများအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌ တေဇ

• International Gateways Group of Companies တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ နိုင်ထွဋ်အောင်

• Myanmar Chemical & Machinery Group တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ အောင်လှိုင်ဦး

• Dynasty Group of Companies တည်ထောင်သူနှင့် ဒါရိုက်တာ အောင်မိုးမြင့်

• Star Sapphire Group of Companies တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ထွန်းမင်းလတ်

• Asia Sun Group of Companies တည်ထောင်သူနှင့် ဒါရိုက်တာ ခင်ဖြူဝင်း

• KT Group အမှုဆောင်အရာရှိချုပ် ဂျိုနသန်မျိုးကျော်သောင်း

• ရွှေဗျိုင်းဖြူကုမ္ပဏီများအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌ သိန်းဝင်းဇော်

• ရင်းနှီးမြှုပ်နှံသူ ကျော်ကျော်ထွန်း (ခ) George Yin Soon တို့ဖြစ်တယ်လို့ JFM ကကြေညာလိုက်ပါတယ်။

စင်ကာပူနိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေ နဲ့ စစ်ဘက်သုံး နည်းပညာတွေ ကို တိုက်ရိုက်ဖြစ် သွယ် ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးအပ်နေမှုကိုတွေကို ရပ်တန့်နိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှု တွေချမှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ဘဏ်တွေ အပါအဝင် စင်ကာပူဘဏ္ဍရေး စနစ်ကို စစ်အုပ်စုက အသုံးပြုနေမှုကို ပိတ်ဆို့ဖြတ်တောက်ဖို့ လည်းတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အုပ်စုထံ စစ်လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ နည်းပညာတွေတင်သွင်းရောင်းချခဲ့တဲ့ စင်ကာပူကုမ္ပဏီတွေအပေါ် လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဆောင်ပြီးအများပြည်သူသိရှိအောင်ထုတ်ပြန်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။

မြန်မာစစ်အုပ်စု နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အပေါ် တခြားအာဆီယံနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်လာရေး တွန်းအားပေးနိုင်ဖို့ “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” လှုပ်ရှားမှုကတဆင့် တောင်းဆိုကြောင်း JFM ထုတ်ပြန်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article