28 C
Yangon

ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး

Must read

ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ကလေးမြို့၊ ပြည်တော်သာရွာမှ အသက် ၂၀ အရွယ် မဟွဲ့ဟွဲ့သည် သူငယ်ချင်းနှင့်အတူ ကလေးမြို့ထဲသို့ လာရာလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့်တွေ့ပြီး ဖမ်းဆီး ရိုက်နှက် စစ်ဆေးခံရပြီးနောက် ဒဏ်ရာများရရှိကာ စက်တင်ဘာလ ၅ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မဟွဲ့ဟွဲ့သည် ရိုက်နှက်ခံရပြီး နောက်တစ်နေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရိုက်နှက်ခံရသည့် ဒဏ်များကြောင့် သတိလစ်မေ့မျောမှု ဝေဒနာများခံစားရပြီး တစ်ကိုယ်လုံးကိုက်ခဲကာ ခေါင်းမတရားကိုက်ခဲမှုကိုခံစားရပြီး သတိလစ်မေ့မျောသွားခဲ့ကြောင်း၊ သတိလစ်မေ့မျောတတ်သောရောဂါ ယခင်က မရှိကြောင်း၊ အကြမ်းဖက်စစ်သားများ ရိုက်နှက်ခံရချိန်တွင် နားထဲမှ သွေးများကျသည်အထိ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရိုက်ခံရတဲ့နေ့က ဘာမှ မဖြစ်သေးဘူး။ နောက်နေ့ကျမှဖြစ်လို့ တာဟန်း ဘူတာလမ်းခွဲအရှေ့နားက ရှင်းဟုန်ခန်းမကဆေးရုံကို ပို့ပြီး ကုတာ သတိမလည်လာလို့ မန္တလေးပို့တာမှာ ဟိုမှာပဲဆုံးသွားတာ။ ခေါင်းထဲ ထိသွားတာနေမယ် ရိုက်တာမှာ။ ဖုန်းရောပါလာတဲ့ ပိုက်ဆံတွေပါ ယူထားလိုက်ပြီး ရိုက်နှက်ပြီးပြန်လွတ်လိုက်တာ”ဟု ဒေသပြည်သူတစ်ဦးက မဟွဲ့ဟွဲ့ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

မဟွဲ့ဟွဲ့ သတိလစ်မေ့မျောသွားသည့်အတွက် ကလေးမြို့ရှင်းဟုန်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သော်လည်း လုံးဝသတိပြန်မလည်လာသဖြင့် ဦးနှောက်နှင့် အာရုံကြောစစ်ဆေးရန် မန္တလေး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မန္တလေးတွင်ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ကလေးမြို့အတွင်း ၎င်းတို့ စိတ်တိုင်းကျစစ်ဆေးနေပြီး လမ်းသွားလမ်းလာများနှင့် ရိုက်နှက်ခြင်း ၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article