ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်း၀န်းအတွင်း စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်း၀န်းအတွင်း ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်း၀န်းအတွင်း ကျောင်းသားတော်လှန်ရေးအင်အားစုတချို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တော်လှန်ရေး သပိတ်အင်အားစုများ ပြုလုပ်လျက်ရှိသော စစ်တပ်ထုတ်ကုန် (အဖျော်ယမကာ နှင့် စီးကရက်) ၈ မျိုးကို မသုံးစွဲရေး၊ မရောင်းချရေး လှုပ်ရှားမှုကို ကျောင်းတွင်းရှိ ကျောင်းသားများက ပူးပေါင်းပါ၀င် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ထုတ်ကုန်များမှာ
၁။ မြန်မာ ဘီယာ (Myanmar Beer)
၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)
၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)
၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)
၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)
၆။ အာမီရမ် (Army Rum)
၇။ Red Ruby စီးကရက်
၈။ Premium Gold စီးကရက် စသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။
Photo Crd – Assistance Association for Myanmar-based Independent Journalists (AAMIJ)