28 C
Yangon

ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်း၀ကျေးရွာမှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

Must read

ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်း၀ကျေးရွာမှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အနန်ဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်၀ ကျေးရွာ မှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ် သတ် ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန် ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ် အနန်ဘော်ကျေးရွာအုပ် ကွင်းချောင်းဝကျေးရွာ တွင်နေထိုင်သူ ဒေါ်သိန်း ဝင်းနှင့် ကိုချစ်တင်ကြီးကို စစ်သားတချို့က အရက်မူးယစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သားများက အရက်မူးရူး၍ ဆိုင်ကယ် ဖြင့် ပတ်၍ ပြည်သူများ နေအိမ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ပြည်သူ ၂ ဦး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ပဲနွယ်ကုန်းကနေ စစ်တောင်မြစ်ကူးတံတား အထိဆို စစ်တပ် ၄ ဂိတ်လောက် ရှိတယ်။ စစ်တောင်းတံတားထိပ်မှာ အရင်ကတည်းက ပြည်သူ့ စစ် ဂိတ်ရှိ တယ်။ အခုတော့ စစ်တပ်ဂိတ် ပေါ့။ စစ်သားတွေက ရွာထဲ ဝင်ပြီး ပတ်ရမ်း ပစ်ထည့်တာ။ ပစ်တဲ့ စစ်သားတွေက အရက်မူးရူးပြီးမှ ရွာထဲက အိမ်တွေကို ဆိုင်ကယ်နဲ့ လိုကပစ်တာ။ ရွာထဲမှာ အရက်ဆိုင်တချို့ရှိတယ်။ ကွင်းချေင်းဝ၊နတ်သံကွင်းတံတားဂိတ်မှာ စောင့်တဲ့ စစ်သားတွေက အရက်လာ သောက် ကြတယ်။ ရွာထဲမှာ။ ပြီးတော့ မူးပြီးဆိုင်ကယ်နှစ်စီးနဲ့ အိမ်တွေထဲလိုက် ပစ်ထည့်တာ။ အဲဒီမှာ ပြည်သူ ၂ ဦး ကျည်ထိ သေဆုံးတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်သတင်းရင်းမြစ်၏ အဆိုအရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ကို စစ်တပ် က အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ပြီး ပြည်သူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးသတ်ဖြတ်ခွင့်ရှိသော စစ်အုပ်ချုပ်ရေးအမိန့် ဖြင့် အုပ်ချုပ်ခွင့် ဒေသတပ်ရင်းများကို ပေးအပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကိုချစ်တင်ကြီး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article