ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က ညအချိန် စစ်ကြောင်း ထိုးနေသောကြောင့် ထောင်နှင့် ချီသောပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရ
ရန်ကုန်၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားအား အများအ ပြားဖြင့် စစ်ကြောင်းထိုးနေသဖြင့် ညတွင်းချင်း ပြည်သူထောင်ချီထွက်ပြေးနေရကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ – IDPs Support Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းမှ စတင်ပြီး ဆားလင်းကြီးပေါ်မှ အကြမ်းဖက်စစ်သား အင်အား ၈၀ ခန့်မှ ကျိုင်းခမောက်၊ ကျွန်းဖိုပင်၊ ကန်နီကျေးရွာများဘက်သို့ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ ရာ ကလေး၊ လူကြီး၊ ကျွဲ၊နွားပါမကျန် ဒေသနေပြည်သူထောင်ချီမှာ ညပိုင်းအထိ ထွက်ပြေးနေရဆဲဖြစ် ကြောင်း၊ အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
“အင်အား ၈၀ ၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆားလင်းကြီးမြို့ ပေါ်ကနေ ကျိုင်းခမောက်၊ ကျွန်းဖိုပင်၊ ကန်နီ ရွာတွေဖက်ကို ခြေလျင်စစ်ကြောင်း ထိုးလာနေ တာပဲဖြစ် ပါတယ်။ ကလေး၊ လူကြီး၊ ကျွဲ နွားပါမကျန် ညဘက်အထိ ပြေးနေကြရဆဲဖြစ်ပြီး အရေးပေါ် စားနပ် ရိက္ခာ အကူအညီများလိုအပ်နေတယ်” ဟု စစ်ရှောင်များကို ထောက်ပံ့ကူညီပေးနေသည့် IDPs Support Group တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။