ရွှေကူမြို့နယ် ထွေ/အုပ်ရုံးတွင် အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့် ဗုံးကျဲ မှု ထွေ/အုပ်ဝန်ထမ်း ၂ ဦးသေဆုံး၊ ရွှေဘိုတွင် မြို့အဝင်ဂိတ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၇
ကျင်ပြည်နယ်၊ ရွှေကူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်း အဝေး ပြုလုပ်နေချိန် ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် ထွေ/အုပ်ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ ကြောင်း မြို့လှ K PDF တပ်ရင်း ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ ၁၁ နာရီ ၅ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြု လုပ်နေ ကြောင်း သတင်းအရ မြို့လှ KPDF တပ်ရင်းက တစ်ကြိမ်၊ နေ့လည် ၁၁ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်ထောက်တိုင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေး ဝန် ထမ်း ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် အထိနာသွားသော အကြမ်းဖက်စစ် ကောင်စီ တပ်ဖွဲ့ က လက်နက်ငယ် များ တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြို့တွင်းပိတ်ဆို့ စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ သေဆုံးဒဏ်ရာ သူများကိုလည်း လူနာတင် ကားများဖြင့် ဆေးရုံသို့ သယ်ဆောင်သွားသည်ကို မြို့နေပြည်သူများက မျက်မြင် တွေ့ရှိခဲ့ရကြောင်း မြို့လှ K PDF တပ်ရင်းက ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် ဂိတ်တွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Snake Eyes PDF ထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန် ရွှေဘိုမြို့ အဝင် ဂိတ်တွင် တပ်စွဲပြီး ပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို ၆၀ မမ ဗုံးသီး ၃ လုံး၊ ၄၀ မမ ပန်းတိမ် ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို SBDF B4/C3 ( SNAKE EYES – PDF ) ၊ SBDF B4/C2 (War Lord Defense Force) နှင့် တိုက်နယ် မဟာမိတ်ညီနောင်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။