Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က ဝန်ထမ်းအိမ်ရာတွေနဲ့ရုံးတွေကို ဒရုန်းနဲ့ထပ်မံတိုက်ခိုက်မယ်လို့ Federal Wings က ကြေညာထားတဲ့အတွက် ဝန်ထမ်း၊ စစ်တပ်နဲ့မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်စွာ ပြောင်းရွှေ့နေကြပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေကိုတားဆီးရန် ကြိုးစားနေရတယ်လို့ မြ၀တီ အခြေစိုက်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
– မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၃ ဦး သေသွားတယ်လို့ မိုးကုတ်ဗျူဟာအမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
– ရန်ကုန် နဲ့ မန္တလေးမြို့တို့မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM/Pre CDM ပြုလုပ်ဖို့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ညတွင်းချင်း ပြည်သူထောင်ချီ ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။