26 C
Yangon

ဒဂုံတက္ကသိုလ် ကျောင်း၀န်းအတွင်း စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်

Must read

ဒဂုံတက္ကသိုလ် ကျောင်း၀န်းအတွင်း စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၇

ဒဂုံတက္ကသိုလ် ကျောင်း၀န်းအတွင်း စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျောင်းသားတော်လှန်ရေး အင်အားစုတချို့မှ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး သပိတ်အင်အားစုများ ပြုလုပ်လျက်ရှိသော စစ်တပ်ထုတ်ကုန် (အဖျော်ယမကာ နှင့် စီးကရက်) ၈ မျိုးကို မသုံးစွဲရေး၊ မရောင်းချရေး လှုပ်ရှားမှုကို ကျောင်းတွင်းရှိကျောင်းသားများက ပူးပေါင်းပါ၀င်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ထုတ်ကုန်များဖြစ်သည့်

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် စသည့် ကုန်ပစ္စည်း ၈ မျိုးကို တော်လှန်ရေး အင်အားစုများက သပိတ်မှောက်ရေး လှုပ်ရှားမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article