33 C
Yangon

ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး

Must read

ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့​ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေဆိုး ကိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ မြွေဆိုးကိုက်ခံရသည့် ပြည်သူ ၁၁ ဦးမှာ အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး အသက် မပြည့်သေးသည့် ၁၄ နှစ်အရွယ် ကလေး ၃ ဦးလည်း ပါဝင်ကာ ကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မြွေဆိုးကိုက်ခံရသည့် ပြည်သူများမှာ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်မှ ၄ ဦး၊ ချပ်သင်းတိုက်နယ်မှ ၄ ဦးနှင့် ကျွန်းလှမြို့နယ်မှ ၃ ဦးတို့ဖြစ်ကြောင်း၊ ချပ်သင်းတိုက်နယ်၊ ပင့်သာကြီးကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မောင်ရန်လှိုင်ဝင်းသည် ထယ်ထိုးရင်း မြွေပွေးကိုက်ခံရကာ မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၁၀ လုံးနှင့် အိန္ဒိယ မြွေဆိပ်ဖြေဆေး ၁၂ လုံးထိ ထိုးပေးခဲ့သော်လည်း အသက်သေဆုံးခဲ့ကြောင်း၊ ပုဏ္ဏားကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်သည် နွားကျောင်းသွားရင်း မြွေကိုက်ခံရကာ အချိန်မှီဆေးကုသခွင့် မရရှိဘဲ တောထဲ၌ သေဆုံးခဲ့ကြောင်း ‌သိရှိရသည်။

ကန့်ဘလူခရိုင်တွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ နေခြင်းကြောင့် တိုက်နယ် ၇ ခုရှိ ကျေးရွာများမှ ပြည်သူ အများအပြား အမြဲတမ်း စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများသည် နီးစပ်ရာတောတဲများတွင်သာ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကြောင်းများ ထွက်ခွာသွားစဥ် လယ်ယာ လုပ်ငန်းလုပ်ကိုင်ရာ မြွေဆိုးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ဆေးကုသမှု အလွယ်တကူမရသောကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article