35 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်ကား ၁ စီးနှင့် အကူ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ် ၁ ဦးအပါအဝင် ၈ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် စစ်ကား ၁ စီးနှင့် အကူ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ် ၁ ဦးအပါအဝင် ၈ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်၊ ကော့မပျဉ်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ခြေလျင်စစ်ကူကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိ တစ်ဦး အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က အမှတ် ၃၀၆ အမြောက်တပ်ရင်းမှ တနင်္သာရီမြို့ ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ Vigo ကားတစ်စီးကို တနင်္သာရီမြို့နယ်၊ ပြည်ထောင် စုလမ်းမကြီးပေါ် အမှတ် ၃၀၆ အမြှောက်တပ်ရင်း နှင့် အမှတ် ၅၅၇ တပ်ရင်း အကြားရှိ ကော့မပျဉ်း ကျေးရွာအနီးအရောက် ပထမ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး ယာဉ်ပေါ်ပါ စစ်သား ၁ ဦး သေဆုံးကာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်သည့်နေရာအား စစ်ကူတက်လာသည့် ခြေလျင်စစ်ကြောင်းအဖွဲ့ကို နှစ်ကြိမ် တိတိ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် အနည်း ဆုံး ၇ ဦးခန့်သေဆုံးခဲ့ပြီး ဗိုလ်အဆင့်ရှိသူ၏ အလောင်းကို မြိတ်မြို့သို့ သယ်ဆောင်သွားကာ ကျန် အ လောင်းများကို တနင်္သာရီမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အထက်ပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဖြစ်သည့် အရိပ်ပြောက်ကျား အဖွဲ့ (ပုလော ပကဖ)၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့(တနင်္သာရီပကဖ)၊ တနင်္သာရီရိုးမ အဖွဲ့(တ နင်္သာရီ ပကဖ)၊ တောဗုံးကြီးအဖွဲ့ (တနင်္သာရီ ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ခရီးသွား ပြည်သူများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း၂ ၊ တပ်ခွဲ(၂) နှင့် တနင်္သာရီပကဖ တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ခရီးသွားပြည်သူများ သွားလာသည့်အချိန်တိုင်း စစ်ရေးသတိရှိကြရန်၊ တနင်္သာရီမြို့ပေါ်ရှိ စရဖရုံး၊ အကြမ်းဖက်ဂိတ်များ နှင့် ထွေအုပ်ရုံးများကို အနီးကပ် သွားလာနေ ထိုင်ခြင်းမပြုကြရန် တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးသတိပေးထားသည်။

Photo – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article