By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၁၈ ရက် မနက်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-လွိုင်ကော်မြို့နယ်၊ ဆောင်ကန်းကျေးရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF ဆီကသိရပါတယ်။
-အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်တပ်အတွင်း အမျိုးသမီးစစ်သည်တွေကို ကိုယ်ဝန်ဖျက်ချခိုင်းတာတွေနဲ့ လူမှုရေးဖောက်ပြန်မှုတွေအလွန်များပြားလာတယ်လို့ တပ်တွင်းသတင်း ရင်းမြစ်တွေကပြောပါတယ်။
-အကြမ်းဖက်စစ်ကောင်စီဟာ ချင်းပြည်နယ် ကန်ပလက်မြို့ တဝိုက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေတာ ကြောင့် ကျေးရွာ ၁၃ ရွာက ပြည်သူ ၃၀၀၀ကျော် စစ်ဘေးရှောင်နေရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။