ရန်ကုန်၊ မတ် ၁၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် လက်နက်နှင့်အတူ CDM ဝင်လာသဖြင့် ငွေကျပ်သိန်း ၃၀ ဆုချီးမြှင့်လိုက်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်လိုက်ကြောင်း Yso ISA ပျောက်ကြားအဖွဲ့က သတင်းထုတ်ပြန်သည်။
မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် လက်နက်နှင့်အတူ မတ် ၈ ရက်နေ့ တွင်ပြည်သူ့ရင်ခွင်ခိုလှုံလာသဖြင့် Yso ISA ပြောက်ကျားအဖွဲ့ က ဆု ကြေးငွေ သိန်း ၃၀ နှင့်အတူ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်နေရခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။