26.4 C
Yangon

ပုသိမ် – မုံရွာ လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ပုသိမ် – မုံရွာ လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၈

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ပုသိမ် – မုံရွာ လမ်းပိုင်း ကျွန်းချောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်း ၆ စီးကို မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေကာ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံမှ သိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းသည် ဆိပ်ဖြူမြို့နယ် ကျစ်ပြင်ကျေးရွာနှင့် ရွာသာကုန်းကျေးရွာ အကြားရှိ လမ်းပိုင်းကို ဖျက်ဆီးပြီး ပြန်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လက်နက်ငယ်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရွာတွေကို ညကြီး ဝင်ရောက်လာတာဗျ။ ပစ္စည်းတွေ ကားနဲ့တင် အပြန်မှာ မိုင်းဆွဲပြီး ပစ်တာပါဗျ” ဟု ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီတပ်ခွဲ ၁ + ၂ ၊ ဆိပ်ဖြူ ဗိုလ်မထားတပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article