ဝက်လက်မြို့နယ်၊ ပဝင်းတပ်ရွာ၌ တပ်စွဲသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားတိုက်နယ်၊ ပဝင်းတပ်ရွာကို တစ်ညတာ ညအိပ်တပ်စွဲသော အကြမ်းဖက်စစ်ကောင်စီတပ်သားကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်က ဝက်လက်မြို့နယ်အတွင်း ဝင်ရောက် လာသော အကြမ်းဖက်စစ်ကြောင်းသည် ရှိမ်းမကားတိုက်နယ်၊ ပတင်းတပ်ရွာကို တစ်ညတာ ညအိပ် တပ်စွဲစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရ စစ်သားများကို အထမ်း ၂ ၊ ချောဆွဲထားသော စစ်ဘေးရှောင်လှည်း တစ်စီးဖြင့် ပေါက်ကန်ရွာ ဘူတာသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက်မှ ဘူ တာအရောက် ၃ ဦးထက်မံသေဆုံးခဲ့ကြောင်း သိရသည်။
“ပေါက်ကန်ဘူတာမှာသေတဲ့ ခွေးတွေကို ပေါက်ကန်ဘူတာမှာပဲ မီးရှို့သင်္ဂြိုလ်တယ်၊ ပဝင်းတပ်ရွာမှာ သေတဲ့ ၃ ယောက်ကိုတော့ ရွာထဲကနေအိမ်ထဲမှာ ထည့်ပြီး မီးရှို့သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်၊ ဒဏ်ရာရသူတွေကို ထန်းကြီးဘူတာကနေ ရထားနဲ့ စစ်ကိုင်းကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီ ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာ ပြည်သူ့ ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ ၊ Lightning Drone Forece ၊ Demo Pauk Dwae (ဒီမိုပေါက်ကွဲ) ၊ ဆား တောင်မိုးကြိုးအဖွဲ့နှင့် ရဲဘော် သုံးကျိပ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
