28 C
Yangon

သာယာ၀တီမြို့နယ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးနှင့် ကြံ့ဖွတ် ရပ်/ကျေး ဥက္ကဋ္ဌ များအပါအဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သာယာ၀တီမြို့နယ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးနှင့် ကြံ့ဖွတ် ရပ်/ကျေး ဥက္ကဋ္ဌ များအပါအဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ စံရွေးတန်းကျေးရွာမှ စစ်ကောင် စီ ခန့် အုပ်ချုပ်ရေး သိမ့်သိမ့်လွင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် သာယာ၀တီမြို့၊ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာ လမ်းမပေါ်တွင် စစ်ကောင်စီခန့် စံရွေးတန်းကျေးရွာအုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်ကို သာယာဝတီ ဂဠုန် တပ်ဖွဲ့ က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ရာ လမ်းပေါ်တွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရှိရသည်။

” အုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်က မနှစ်က သေနတ်နဲ့ အပစ်ခံရလို့ သေသွားတဲ့ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနေရာမှာ အစားဝင်လာသူဖြစ်ပါတယ်။ သိမ့်သိမ့် လွင် က သူ့ရဲ့ ဖခင် စန်းလွင်နဲ့အတူ စစ်အာဏာသိမ်းမှုကို အင်မတန် လိုလား သူဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ ကြံခိုင်ရေးပါတီ မဲအပြတ်အသတ် ရှုံးက တည်းက စစ်တပ်က အာဏာပြန်သိမ်းဖို့ ထောက်ခံဆန္ဒပြသူလည်းဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလ ကြံခိုင်ရေးပါတီ ရပ်ကွက်အောင်နိုင် ရေးခေါင်း ဆောင် နဲ့ မဲရုံကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှတာဝန်ရှိသူက ရှင်းပြသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအတွင်းသို့ သေနတ်သမားတချို့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ရာ ရာအိမ်မှူးတစ်ဦး သေဆုံးကာ ကျေးရွာအုပ်ချုပ် ရေးမှူး ထွန်းရွှေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် မြင့်ဆွေတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီ ‌၅ မိနစ်အချိန် လက်ပန်လှကျေးရွာ၊ အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းသို့ သေနတ်သမား ၃ ဦး ကဝင်ရောက်ပစ်ခတ်ရာ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး မြင့်မော်တွင် နောက်ကျောမှ ဝမ်းဗိုက်သို့ ကျည် ဖောက် ထွက်ဒဏ်ရာ ၃ ချက်ဖြင့် နေရာတွင်် သေဆုံးခဲ့ပြီး ကျေးရွာ အုပ်ချုပ် ရေးမှူး ထွန်းရွှေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် မြင့်ဆွေတို့၏ မျက်နှာနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊သီးကုန်းကျေးရွာတွင် ကြံ့ဖွတ် ပါတီ ရပ်/ကျေးဥက္ကဋ္ဌ အုန်းလှိုင်သည် စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကြံ့ဖွတ် ပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဂျုပ္ပင်ကျေးရွာမှ ကြံ့ဖွတ်ပါတီ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဝင်းလှိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဝင်းလှိုင် တွင် အောက် နှုတ်ခမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာနဖူး ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ယာဘက်ခြမ်း ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article