21 C
Yangon

ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ကျေးရွာနေ ပြည်သူများကို PRF က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်

Must read

ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ကျေးရွာနေ ပြည်သူများကို PRF က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၄

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ကျေးရွာနေ ပြည်သူများကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး၊ ဗဟိုပြည်သူ့ဆက်ဆံရေးဌာန ကျန်းမာရေးကဏ္ဍသည် တပ်တွင်းရဲဘော်များ၏ ကျန်းမာရေး အတွက်သာမက အဖိနှိပ်ခံ ပြည်သူလူထုလိုအပ်ချက်ဖြစ်သည့် ကျေးလက် ကျန်းမာရေးအတွက် ကူညီ ဆောင်ရွက်‌ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်စခန်းနှင့် နီးစပ်ရာ စစ်ဘေးရှောင် တောတိုက်များ နီးစပ်ရာ ကျေးရွာ ၆ ရွာမှ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျက်ရှိသော ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်း ကိုယ်တိုင်သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article