32 C
Yangon

စစ်တပ်ထုတ် မြန်မာဘီယာနှင့် စားသောက်ကုန်၊ ပစ္စည်းများ တစ်နိုင်ငံလုံးတွင် ပြန် ရောင်းချ နိုင် ရေး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် လုပ်နေပြီး လျှို့ဝှက် ညွှန်ကြား ချက်ထုတ်ပြန်

Must read

စစ်တပ်ထုတ် မြန်မာဘီယာနှင့် စားသောက်ကုန်၊ ပစ္စည်းများ တစ်နိုင်ငံလုံးတွင် ပြန် ရောင်းချ နိုင် ရေး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် လုပ်နေပြီး လျှို့ဝှက် ညွှန်ကြား ချက်ထုတ်ပြန်

■ စစ်တပ်ထုတ်ကုန်များအပေါ် ပြည်သူများ၏ သပိတ်မှောက်နေမှု ရာနှုန်းပြည့်အောင်မြင်နေပြီး ဆက်လက် ထိန်းသိမ်းထားရန် ပြည်ထဲရေးဖရဲသီးရင်းမြစ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက်စစ်တပ်က ထုတ်လုပ်နေသော မြန်မာဘီယာနှင့် စားသောက်ကုန်ပစ္စည်းများ တစ်နိုင်ငံ လုံးတွင် ပြန်လည် ရောင်းချနိုင်ရေး ပြည်ထဲရေးဝန်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် စီမံချက်ချ လုပ်ဆောင်နေကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပြည်ထဲရေးဝန်ကြီးဌာန တွင် ပြုလုပ်သည့် သတင်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ရာပြည့်က စစ်တပ်က ထုတ်လုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စျေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ စတိုးဆိုင်များနှင့် စျေးဆိုင်များတွင် ပြန်လည် ရောင်းချနိုင်ရေး စိစစ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ စည်ပင်၊ စစ်တပ်နှင့် ရဲများက ပြည်ထဲရေးဝန်ကြီး ရာပြည့်၏ ညွှန်ကြားချက်အတိုင်း စျေးဆိုင်များကို စစ်ဆေးကာ စစ်တပ် ထုတ်ကုန်များ ရောင်းချစေရေး ဆောင်ရွက်ရန်၊ နေ့စဉ် ညနေ ၆ နာရီအရောက် သတင်းပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဖရဲသီး သတင်းရင်းမြစ်က ပြည်သူများအနေဖြင့် စစ်တပ်ထုတ် ကုန်များကို သပိတ်မှောက်မှုသည် ရာနှုန်းပြည့်အောင်မြင်နေကြောင်း၊ စစ်တပ်ထုတ်ကုန်များ အကြီးအကျယ် ဝယ်လိုအား ကျဆင်းနေပြီး ဦးပိုင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ကုမ္ပဏီတို့တွင် စားသောက်ကုန်နှင့် ထုတ်ကုန်များ အလွန် အရှုံးပေါ်နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီး ရာပြည့်ကို စစ်တပ်ထုတ်ကုန်များ ပြန်လည် ရောင်းချနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အစည်းအဝေး ဆွေးနွေးချက်တွေအရ စစ်တပ်ထုတ်ကုန် အထူးသဖြင့် မြန်မာဘီယာရဲ့ ရောင်းအား က ရာခိုင်နှုန်းအားဖြင့် တစ်ပြည်လုံးအတိုင်းအတာအနဲ့ ၇၀ ရာခိုင်နှုန်းကျော် ထိုးကျနေတယ်။ ရခိုင်ပြည်နယ်ဘက်ကလွဲရင် ပြည်နယ်၊တိုင်းအားလုံးမှာ ရောင်းအားတွေ ၊ ဝယ်လိုအားတွေ ထိုးကျနေတယ်။ ရောင်းသူလည်း မရှိသလို ဝယ်သောက်သူလည်းမရှိဘူး။ အဲဒါကြောင့် အဲဒါကို ဆက်ပြီး ထိန်းသိမ်းထားဖို့လိုပါတယ်။ အခု လက်ရှိမှာ ဆိုင်တွေကို မြန်မာဘီယာ မတင်ရင် လိုင်စင်ပိတ်မယ်၊ အရေးယူမယ်ဆိုတာမျိုးတွေ လုပ်လာနိုင်တယ်။ အဲဒါကြောင့် ပြည်သူတွေဘက်က မြန်မာဘီယာမသောက်တဲ့ ကမ်ပိန်းတွေကို ဆက်ပြီး ထိန်းသိမ်းထားကြပါ။ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တာတွေကို ဆက်ပြီး ထိန်းသိမ်းထားပါ။ ပြည်သူတွေ သပိတ်မှောက်တာ အောင်မြင် လွန်းလို့ အဲဒါကို ချေဖျက်ဖို့ စစ်တပ်ဘက်ကနေ စီမံချက်နဲ့ ပြန်ချဖို့ လုပ်လာတာပါ။ အဲဒါလေး ပြည်သူတွေကို အသိပေးချင်ပါတယ်” ဟု ပြည်ထဲရေး ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေသော တော်လှန်ရေး တက်ကြွလှုပ်ရှားသူများက အကြမ်းဖက်စစ်တပ် ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်တွေကို သပိတ်မှောက်ကြရန် တောင်းဆိုထားပြီး သပိတ်မှောက်ရမည့် စစ်တပ် ထုတ်ကုန်များမှာ-

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article