32 C
Yangon

မိုးကောင်းမြို့၊ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက် ဖြင့် အမှတ်(၃)ခြေလျင်တပ်မဟာမှ ဗိုလ်မှူးနှင့်အဖွဲ့က ရိုက်နှက်သတ်ဖြတ်၊ စစ်တပ်ထဲသို့ ခေါ်ပြီး နာရီအနည်းငယ်အတွင်း ရိုက်နှက် သတ်ဖြတ်ခဲ့

Must read

မိုးကောင်းမြို့၊ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက် ဖြင့် အမှတ်(၃)ခြေလျင်တပ်မဟာမှ ဗိုလ်မှူးနှင့်အဖွဲ့က ရိုက်နှက်သတ်ဖြတ်၊ စစ်တပ်ထဲသို့ ခေါ်ပြီး နာရီအနည်းငယ်အတွင်း ရိုက်နှက် သတ်ဖြတ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရှိ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်မှူးနှင့် အဖွဲ့က ရိုက်နှက်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန် မိုးကောင်းမြို့နယ် ရဲစခန်းတွင် PDF ထောက်ပံ့သည် ဆိုသော စွပ်စွဲချက်ဖြင့် (ပ) နံပါတ် ၅၉/၂၀၂၃ ၊ အကြမ်း ဖက်တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)/၅၄ဖြင့်တရားစွဲခံထားရသော ဒေါ်ခင်မာရွှေကို စစ်ဆေးရန် မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်မှူးတင်မျိုးလွင်က မိုးကောင်း ရဲစခန်းကို ဖုန်းဆက်လာကြောင်း၊ ထို့ကြောင့် ရဲအုပ်ဇာနည်ဇော်၊ ရဲမေ တပ်သား ကျော့ကဆုန်တို့ က ဒေါ်ခင်မာရွှေကို စစ်တပ်လက်ထဲသို့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် အပြီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း၊ စစ်တပ်မှ ဗိုလ်မှူး တင်မျိုးလွင် လက်ထဲသို့ လွှဲပြောင်းချိန်က ဒေါ်ခင်မာရွှေသည် ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း သိရှိရသည်။

ယင်းနောက် နာရီအနည်းငယ်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် နာရီခန့်တွင် အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်ကြီးတင်ကိုကိုဇော်နှင့်အဖွဲ့က ဒေါ်ခင်မာရွှေကို မိုးကောင်းရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်လာကြောင်း၊ ယင်းသို့ ခေါ်ဆောင်လာချိန်တွင် ဒေါ်ခင်မာရွှေမှာ ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် မေ့မျှောနေခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် စစ်ကြောရေး လုပ်ခဲ့သူ ဗိုလ်မှူးတင်မျိုးလွင်က ဒေါ်ခင်မာရွှေကို တပ်နယ်ဆေးခန်း သို့ခေါ်ဆောင်လာရန် ညွှန်ကြားလာသဖြင့် မိုးကောင်းမြို့နယ် စခန်းမှူး ဒုရဲမှူး၀င်းမင်းသိန်း ၊ရဲမေ ကျော့ကဆုန်တို့က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်ဆေးဗိုလ်ကြီးကျော်ဇေယျက ဒေါ်ခင်မာရွှေကို စမ်းသပ်ခဲ့ပြီးနောက် အခြေအနေ မကောင်းတော့ကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကြောရေးတွင် ရိုက်နှက်ခဲ့သော ဒဏ်ရာများဖြင့် ဒေါ်ခင်မာရွှေ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

မိုးကောင်းမြို့၊ စင်ရော်စက်သုံးဆီဆိုင် ပိုင်ရှင် ဒေါ်ခင်မာရွှေသည် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးချိန်တွင် အသက်(၅၀)နှစ်ရှိနေပြီဖြစ်ပြီး ၎င်း၏ အမျိုးသားအပါအဝင် ဆိုင်အလုပ်သမား များမှာ ဆက်လက် အဖမ်းခံထားရဆဲဖြစ်ကြောင်း၊ ဒေါ်ခင်မာရွှေ ပိုင်ဆိုင်သော စင်ရော် စက်သုံးဆီ ဆိုင်ကိုလည်း စစ်တပ်က မြေကော်စက်များဖြင့် အိမ်ရော၊ ဆိုင်ပါ ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article