24 C
Yangon

မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် အထိနာ

Must read

မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် အထိနာ

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စာသင်ကျောင်း ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်အချိန် မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့်အနီးရှိ စာသင် ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကျဲချတိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်သားများ အထိနာပြီး မြို့နေရာအနှံ့ကို ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ပါ ဗုံးကျဲတိုက်ခိုက်ခြင်းများ စစ်တပ်က တန်ပြန် လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် မြို့နေ ပြည်သူ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝမ်းပြည့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မြင်းမူမြို့ဖြတ်ပြီး ညောင်ရင်းရွာဘက်ကို စစ် ကြောင်းထိုးတာမှာ မနေ့မနက်မှာ မြင်းမူမြို့ပေါ်ကို ပြန်ရောက်တယ်၊ သူတို့ တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းက ကပ်နေတာ၊ စာသင်ကျောင်းထဲကို ဒရုန်းနဲ့ ဗုံး အများဆုံးကျဲ ချခဲ့တာ၊ ပထမ ၅ လုံးချတဲ့အချိန်မှာ ပြန်မပစ်ဘူး၊ ငြိမ် နေတယ်၊ နောက်ထပ် ၆ လုံးထပ်ချတော့ ထိသွားပုံရတယ်၊ မြို့နေရာအနှံ့အပြားကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ၊အချက်ရေအတော်များတယ်၊ လက်နက်ငယ်တွေလည်း အချက်ပေါင်း မနည်း ဘူး၊ ဒရုန်းနဲ့ပါပြန်တိုက်တာ၊ ကျနော်တို့က ဘယ်နေရာကနေ လုပ်နေလဲ မသိ တော့ ပြည်သူတွေရှိတဲ့ ရပ် ကွက်တွေထဲကို ဒရုန်းနဲ့ ပြန်ချတာ၊ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသားတစ်ဦး လက်နက်ကြီးထိတယ်” ဟု GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါအကြမ်းဖက်စစ်သားများကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂၊ Ghost Team Ranger Myinmu (GTR-MMU) ၊ Myin Mu Defense Force (MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း ၆ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article