26 C
Yangon

တောင်ငူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံး ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

Must read

တောင်ငူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံး ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံးပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တောင်ငူမြို့နယ်ရှိ ကယားပြုံးချောင်းနှင့် ရှမ်းပြုံးချောင်း အရှေ့ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကယားပြုံးချောင်းရွာရှိ ပြည်သူပိုင် နေအိမ် ၄ လုံး၊ နွားတင်းကုတ်နှင့် စပါးကျီ ၃ လုံး၊ ရှမ်းပြုံးချောင်းအရှေ့ရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံးတို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“တောင်ငူမြို့နယ်၊ သံတောင်လမ်း ၅ မိုင်က ကယားပြုံးချောင်းက နေအိမ် ၄ လုံး၊ နွားတင်းကုတ်နဲ့ စပါးကျီ ၃ဟလုံး၊ ရှမ်းပြုံးချောင်းအရှေ့ရွာက နေအိမ် ၇ လုံးကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲဝင်ရောက်တပ်စွဲပြီး မီးရှို့သွားတာ ပြည်သူတွေထိခိုက်တဲ့ သတင်းတော့ မကြားမိဘူး။ ပြည်သူ ၂ ဦးကိုတော့ ဖမ်းသွားတယ်။ အခုထိ မလွတ်သေးဘူး။ ပြည်သူတွေလည်း နေရပ် မပြန်ရဲသေးလို့ ဆက်လက် တိမ်းရှောင်နေရတယ်” ဟု Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article