28 C
Yangon

မြောင်မြို့နယ်တွင် စစ်တပ် စစ်​​ကြောင်းနှင့် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

မြောင်မြို့နယ်တွင် စစ်တပ် စစ်​​ကြောင်းနှင့် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်​​ကြောင်းနှင့် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်မှ ပျူများနှင့် အကြမ်းဖက်စစ်သားများ သည် မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာမှ တဆင့် မြောင်မြို့ပေါ်ရှိ ထွေရုံးနှင့် အင်ဂျင်နီယာရုံးဝင်ရောက် ကာ နောက်တစ်ကြိမ် စစ်ကြောင်းပြန်ထွက်နိုင်ရန် မြင်းမူမြို့နယ်ဘက်မှလာနေသည့် စစ်ကြောင်းကို စောင့်ဆိုင်းနေခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၂ နာရီခန့်၌ ထွေအုပ်ရုံးအတွင်း သစ်ပင်များ အောက်၌ စုဝေးနေသော အကြမ်းဖက်စစ်သားများကို ဗုံးသီး ၂ လုံး စတင်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့အပြင် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အင်ဂျင်နီယာရုံးဝန်းအတွင်းသို့ ဗုံးသီး ၂ လုံးနှင့် အကြမ်းဖက်စစ်သား များ သောက်စားမူးယစ်နေသော အဆောက်အအုံ ဝန်းအတွင်းသို့ ဗုံးသီး ၁ လုံး ထပ်မံကျဲချတိုက်ခိုက် ခဲ့ရာ ပစ်မှတ်နေရာများကို အတိအကျ ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို CDSOM အနောက်ပိုက်း ၀၀၁ ဒရုန်းအဖွဲ့၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်း ခရိုင်တပ်ရင်း ၆၊ တပ်ခွဲ ၃ ၊ မြင်းခြံခရိုင် တပ်ရင်း၂ (PDF TALOKE၊MGN RANGER)၊ LACR မြင်းခြံ၊ စဉ့်ကိုင် PDF၊ စဉ့်ကိုင် ပကဖ၊ မြောင်မြို့မနှင့် နဂါးပေါက်တိုက်နယ် ပကဖ ၊ မြောင်ပြည်သူ့တပ်မတော် MUA၊ Blood Brother အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်းမြို့နယ်အတွင်း၌ မြင်းမူမှ ဝင်ရောက်လာသည့် စစ်ကြောင်း အင်အား ၅၀ ၊ လက်ရှိ လှည့်လည်စစ် ကြောင်းထိုးနေသော အကြမ်းဖက်စစ်သား၊ ပျူ ပူးပေါင်း ၁၃၀ ခန့်၊ နဂါးပေါက်တွင် မြစ်ကြောင်းမှ စစ်ကူ ပေးရန် အသင့်စောင့်ဆိုင်းနေသည့် အင်အား ၃၀ ခန့်၊ ကျောက်ရစ်အထိုင်စခန်း၌ အင်အား ၈၀ ခန့်၊ မြောင်မြို့အထိုင်အင်အား ၆၀ ခန့်ရှိပြီး စုစုပေါင်း ၃၅၀ ခန့်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article