31 C
Yangon

ဖြူးမြို့နယ်တွင် စစ်တပ်နှင့် လှည့်ကင်းစစ်ကြောင်းများ မကြာခဏ ဖြတ်သန်း သွားလာနေသည့် ဖြူး-အုတ်ဖြတ်ကားလမ်းပေါ်မှ ဘေလီတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

Must read

ဖြူးမြို့နယ်တွင် စစ်တပ်နှင့် လှည့်ကင်းစစ်ကြောင်းများ မကြာခဏ ဖြတ်သန်း သွားလာနေသည့် ဖြူး-အုတ်ဖြတ်ကားလမ်းပေါ်မှ ဘေလီတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊တွင် စစ်တပ်နှင့် လှည့်ကင်းစစ်ကြောင်းများ မကြာခဏ ဖြတ်သန်းသွားလာနေသည့် ဖြူး-အုတ်ဖြတ်ကားလမ်းပေါ်မှ ဘေလီတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ဖြူး-အုတ်ဖြတ် ကားလမ်း နှင့် ဝဲကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဘေလီတံတားတွင် မိုင်းပေါက်ကွဲ၍ တံတားမှာ ပြိုကျပျက်စီးသွားကြောင်း၊ လတ်တလော စစ်တပ်နှင့်ရဲများက ယင်းတံတားဖောက်ခွဲခံရမှုကို လာရောက် စစ်ဆေးလျက်ရှိကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒေသပြည်သူတစ်ဦး၏ ပြောဆိုချက်အရ ဖြူး-အုတ်ဖြတ်ကားလမ်းတွင် စစ်တပ်ကားတန်းများ မကြာခဏ ဖြတ်သန်းသွားလေ့ရှိပြီး လှည့်ကင်းစစ် ကြောင်း များ မကြာခဏ ဆိုသလို ပတ်လေ့ရှိကြောင်း၊ ဖြူး-အုတ်ဖြတ် ကားလမ်းတွင် စစ်တပ်က ဂိတ်ချ စစ်ဆေးမှုများရှိနေသည့် လမ်းကြောင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုများလည်း ဖြစ်ပွားလေ့ရှိကြောင်း ပြောဆိုသည်။

“အဲဒီဘက်မှာ မကြာခဏဆိုသလို ပစ်ခတ်မှုဖြစ်တဲ့နေရာပါ။ စစ်ကြောင်းနဲ့ စစ်တပ်တွေ သွားလာနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ တံတားပဲ။ ကင်းပုန်းတွေလည်း အဲဒီကားလမ်းဘေးမှာ စစ်တပ်က တောက်လျှောက်ထားတယ်။ အရပ်သားပြည်သူတွေလည်း ပစ်ခတ်ခံရတာတွေရှိခဲ့ဖူးတယ်။ အဲဒီလမ်းမှာ။ လမ်းပန်းဆက်သွယ်ရေးက လမ်းဖွင့်ထားပေမယ့် ပြည်သူတွေက မသွားရဲကြလို့ မသွားတော့တဲ့ လမ်းပါ။ တံတားက သိပ်မကြာသေးဘူး ဖွင့်ထားတာ။ ကုန်ကားတချို့၊ သစ်ကားတွေတော့ သွားတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါတံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးသည်ကို ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article