25 C
Yangon

အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် အရာရှိနှင့်စစ်သည်များက စစ်ဆင် ရေးထွက် စစ်သည်များ၏ဇနီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် လူမှုရေးဖောက်ပြန်မှုများ တပ်မှူး ဗိုလ်မှူးကြီးသက်ဇင်ထွန်းက အရေးမယူဘဲ ခွင့်ပြုထား

Must read

ရန်ကုန်၊ မတ် ၂၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးသက်ဇင်ထွန်း(ပြန်တမ်းဝင်အမှတ်ကို Facebook Community Standardအရ ထည့်သွင်းဖော်ပြ၍ မရပါ)က တပ်တွင်း အရာရှိနှင့်စစ်သည်များက စစ်သည်များ၏ဇနီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် လူမှုရေးဖောက်ပြန်မှုများကို အရေးမယူဘဲ ခွင့်ပြုထားကြောင်း သိရှိရသည်။

အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၃) တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးစိုးအေး (ပြန်တမ်းဝင်အမှတ်ကို Facebook Community Standardအရ ထည့်သွင်းဖော်ပြ၍ မရပါ)သည် အရက်သေစာသောက်စားပြီး ညဘက်တွင် အိမ်ထောင်သည်တပ်သားမရှိသော နေအိမ်ပေါ်တက်၍ ထိုတပ်သား၏ ဇနီးအပေါ် မတရား ကျူးလွန်ခဲ့သည့်အမှုအပေါ် တပ်မှူး သက်ဇင်ထွန်းသည် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ တပ်ရင်း သက်သာဆိုင် စာရေးမ တာဝန်ထမ်းဆောင်နေသော တပ်သားတဦး၏ ဇနီးနှင့် ယင်းသက်သာဆိုင်တာဝန်ခံ ဗိုလ်ကြီးဇော်လင်း (ပြန်တမ်းဝင်အမှတ်ကို Facebook Community Standardအရ ထည့်သွင်းဖော်ပြ၍ မရပါ) တို့ အိမ်ထောင်ရေး၊ လူမှုရေးဖောက်ပြန်မှုတွင် ဗိုလ်ကြီးဇော်လင်းကို အရေးယူခြင်းမရှိဘဲ တပ်သား၏ ဇနီးဖြစ်သူကို တပ်ပြင်သို့ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် အုပ်ချုပ်မှုတပ်ခွဲမှ အမှုတွဲကိုင်စာရေး တပ်ကြပ်ကြီး မင်းခန့်မော် (ကိုယ်ပိုင်အမှတ်ကို Facebook Community Standardအရ ထည့်သွင်းဖော်ပြ၍ မရပါ) သည် အရက်သေစာသောက် စားပြီး အခြား တပ်ကြပ်တဦး၏ ဇနီးကို တပ်ရင်းအတွင်းရှိ ပန်းခြံသို့ ခေါ်ယူချိန်းတွေ့မှု၊ အိမ်ထောင်ရေးဖောက် ပြန်မှုတွင် တပ်ကြပ်၏ ဇနီးကို တပ်ပြင်သို့ မောင်းထုတ်ခဲ့ပြီး တပ်ကြပ်ကြီးမင်းခန့်မော်ကို အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် တပ်မှူး သက်ဇင်ထွန်းသည် ရိက္ခာများထုတ်ပေးရာတွင်လည်း တပ်ပြင်နေအိမ်ထောင်သည် စစ်သည်များအားလုံးမဟုတ်ဘဲ ၎င်းနှင့် ဆက်ဆံရေးကောင်းသည့် စစ်သည်အချို့ကို ရိက္ခာထုတ်ပေးခြင်းများ လုပ်ဆောင်ကြောင်း၊ တပ်သို့ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် လာရောက်ချိန်တွင် အိမ်ထောင်သည် ရဲမေများကို စစ်ဆင် ရေးတာဝန်ထမ်းဆောင်နေသော ၎င်းတို့၏ ခင်ပွန်းများစစ်ဆင်ရေးကာလကိုမေးမြန်းရာမှ ကာလကြာမြင့်နေပြီဖြစ် ကြောင်း သိရှိသဖြင့် တပ်မှူးကို ၁၅ ရက်တစ်ခါ လူချင်း ချိန်းပေးရန် ညွှန်ကြားခဲ့သော်လည်း လုပ်ဆောင်ခြင်းမရှိကြောင်း၊ တပ်တွင်း အဆောက်အဦး၊ လမ်းများပြင်ဆင်ရန် တပ်တွင်း၌ ငွေကြေးကောက်ခံဆောက်လုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်သို့ တင်ပြတောင်းခံကာ ၎င်း အိတ်အတွင်းသို့သာ ငွေကြေးများ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး သက်ဇင်ထွန်း၏ အပြုအမူများကြောင့် စစ်သည်အမျိုးသမီးများနှင့်အိမ်ထောင်သည်စစ်သည်များ၏ဇနီးများ တပ်တွင်း မနေလိုကြတော့ကြောင်း၊ တပ်ပြင်တာဝန်ထမ်းဆောင်ပြီး ပြန်လာသော စစ်သည်များကို ကွာရန်တင်း ၃ ရက်ထားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ နောက်ထပ် တာဝန်တခု ဆက်လက်စေခိုင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်မှူးကြီးသက်ဇင်ထွန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article