28 C
Yangon

အောင်လံမြို့နယ်၊ ကပစ ၁၅ တပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ မကွေး မြို့ တွင် ကင်းလှည့် နေသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

Must read

အောင်လံမြို့နယ်၊ ကပစ ၁၅ တပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ မကွေး မြို့ တွင် ကင်းလှည့် နေသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ ကပစ ၁၅ တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မကွေးမြို့တွင်း၌ ကင်းလှည့်နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်အချိန် အောင်လံ မြို့နယ်အတွင်းရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၁၅ တပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီး သေဆုံး မှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မကွေးမြို့၊ မြို့ပတ်လမ်းနှင့် အထက ၁ လမ်းဆုံမီးပွိုင့် တွင် ကင်းလှည့်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ ဗိုလ် စံသျှားက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခန့်အချိန် မကွေးမြို့ပတ်လမ်း နှင့် အထက ၁ လမ်းဆုံမီးပွိုင့်၌ အကြမ်းဖက်စစ်သားများ ကင်းလှည့်နေချိန် အနီး ကပ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် သားများ ထိခိုက် သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ သရက်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် TDG Special Guerilla Force (တောင်တွင်းကြီး အထူးပြောက် ကျားတပ်ဖွဲ့) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article