26 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံး

Must read

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံး

ရန်ုကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦးအပါဝင် စစ် သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်အချိန် ရွှေဘိုမြို့၊ မြို့ တော် ခန်းမသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ၏ အယောင်ပြ နယ် လှည့်ဆေးကုသရေးအဖွဲ့က ရွှေ ဘို-ကျောက်မြောင်းလမ်း တိုင်း ပြန်လည် ထွက် ခွာရန်အတွက် လုံခြုံရေး လာယူပေးသည့် စစ်ကြောင်းကို တအုံကျေးရွာ နှင့် အုန်းပေါက်ကျေးရွာအကြား ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ ကြောင်း၊ စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦး အပါအဝင် ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရသည်။

ထိသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရ စစ် သား များကို ဖောကားတစ်စီး၊ အိမ်စီးကားလေး ၂ စီးဖြင့် ရွှေဘိုမြို့ ပြည်သူ့ ဆေးရုံ ကြီးသို့ သယ်ဆောင်သွားကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သား အရေ အတွက် မသိရှိစေရန် ဆေးရုံအတွင်းသို့ ဝင်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့ သည့်အပြင် ဆရာဝန်များကိုလည်း ခြိမ်းခြောက်ထားသည်ဟု သိရှိရသည်။

“အယောင်ပြ နယ်လှည့်ဆေးကုသရေးအဖွဲ့ကို လုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်ခွေး တွေကို မိုင်း ဆွဲ တိုက်ခိုက်ခဲ့တာပါ၊ မိုင်းကွင်းထဲ တည့်တည့် ရောက်လာ တဲ့အချိန်မှာဆွဲခဲ့တာဆိုတော့ စစ်ခွေး ၁၂ ကောင် ပွဲချင်းပြီးသေတယ်၊ ခွေးတွေ အထိ နာလို့ ရမ်းသမ်းပစ်ခတ်သွားတဲ့နေရာက လက်နက်ကြီးကျည်ခွံတွေ၊ ကျည်ဆံခွံ တွေ အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်၊ ခွေးသေထိခိုက်မှု အတွင်း သတင်းပေါက်ကြားလို့ ဆိုပြီး သူတို့ရဲ့ဘော်ဘီ Telegram Channel မှာတော့ ဂယက်ထနေတယ်၊ ဖရဲသီးကို အရေးယူဖို့၊ အလုပ် ထုတ်ထောင်ချ ပစ်ဖို့ အထိပါ ပြောနေကြတယ်၊” ဟု Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Burma Rangers အဖွဲ့မှ စစ်ကြောင်းမှူး ဗိုလ်တိမ်ယံ ဦးဆောင်ကာ Burma Rangers အညာဒေသ LPDF ၊ မဟာမိတ် X-Force LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article