အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၂၉
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ခရီးမပေါက်ခင် စည်း မဖောက်ကြနဲ့။ ခရီးမဆုံးခင်စည်းလုံးပေးကြပါ၊ ငါတို့နိုင်ကိုနိုင်မှဖြစ်မည်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

