32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်က ရှန်ထုန်း-တောင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၄၃၈ ၊ ခမရ ၄၃၇ က စစ်သားတွေဟာ ရိက္ခာယူဖို့ ဆင်းလာတဲ့ အချိန် KIA နဲ့ ရခိုင့်တပ်တော် AA တပ်တွေကနေ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၅ ဦးကို အရှင်ဖမ်းမိထားတဲ့ အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားတယ်လို့KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ ပူးပေါင်း တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က စုစုပေါင်း ၁၉ ဦး ဝန်းကျင် သေသွားပြီး ၊ အကြမ်းဖက် စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ပါ လာရောက် ပတ်ခတ်ခဲ့တယ်လို့ BNRA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်တပ် ရေယာဉ်သဘော်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ရှေ့ထွက်မိုင်းတွေ လက်နက်ငယ်တွေ နဲ့ ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article