33 C
Yangon

အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းရွာ ရာအိမ်မှူး အောင်ဝင်းလေးသည် ခမရ ၆ တပ်ရင်းကို စစ်သင်တန်း တက်ရန်သွားရောက်စဥ် ကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ရာအိမ်မှုး အောင်ဝင်းလေးထံမှ စစ်တပ် နှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာ လှုပ်ရှားမှုများကို မှတ်တမ်း တင်ထားသည့် မှတ်စု စာအုပ် ၁ အုပ်၊ ငွေသား ၃၁၁၅၀ ကျပ်၊ မှတ်ပုံတင်နှင့် ကိုဗစ်၁၉ ကင်းရှင်းကြောင်း ထောက်ခံချက် ကပ်ပြား ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရာအိမ်မှူးသည် ပျူစောထီး ခေါင်းဆောင် ဖြစ်ကာ စစ်တပ် အတွတ် လူအင်အား စုဆောင်းပေး၍ ခမရ ၆ တိမ်မြုပ်တပ်၌ စစ်သင်တန်းပေးခြင်း၊ စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ သတင်းများ​ ထောက်​လှမ်း​ပေးပို့ကာ PDF စခန်း တည်နေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း၊ ဒေသခံများကို အနိုင်ကျင့်နေခြင်းတို့ကြောင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာသည့်အတွတ်​ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ရာအိမ်မှူးက ကြံ့ဖွတ်ပါတီ ရပ်ကျေးစည်းရုံးရေးမှူး တာဝန်လည်းယူထားတယ်။ သူ့ဆီမှာ စစ်တပ်က ပေးထားတဲ့ သေနတ်နဲ့ လက်ပစ်ဗုံးတော့ ရှိတယ်လို့ သိထားရတာ ရှင်းတဲ့နေရာမှာတော့ ရှာမတွေ့ဘူး။ အိမ်မှာပဲထားခဲ့လား တပ်ထဲမှာပဲထားလားမသိ ပါမလာလို့မရခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article