29 C
Yangon

ကမာရွတ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ကမာရွတ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) အဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီ ၂၆ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ နယ်၊ အောင်မြေသာစည် အိမ်ရာ အတွင်းရှိ ၀ဏ္ဏမောင်လွင်၏ သားဖြစ်သူ နေအိမ်ကို စစ်ဆင်ရေး မဟာမိတ်အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကမာရွတ်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ဝက်နွားမောင်လွင် အမျိုး လား၊ သား လားမသိတဲ့အိမ်ရှေ့ ဗုံးပေါက်လို့ အင်တိုက်အားတိုက်ရှာဖွေသွားတယ်။ ဗုံးပေါက်တာက မနေ့ည ၉ နာရီမခွဲခင်။ အဲဒါ စစ်ခွေးတွေက မနေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန်မှာ အုံပြီး ဝိုင်းထားခဲ့တာ”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်ရခြင်း အကြောင်းအရင်းမှာ အကြမ်းဖက် စစ်ကောင်စီ၏ သားဖြစ်သူ နေအိမ်ဖြစ်ခြင်း၊ အကြမ်းဖက်မှု အသုံးစရိတ်များ၊ နိုင်ငံခြားစီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ် ရှာဖွေ ပေးနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန် မြောက်ဒဂုံမြို့နယ်၊ ထားဝယ် ချောင် နယ်မြေရဲစခန်းကို U.S.O မဟာမိတ်တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၀ဏ္ဏမောင်လွင် မိသားစုများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article