32 C
Yangon

မြဝတီ၊ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၃ ဦး သေဆုံး

Must read

မြဝတီ၊ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က အဆိုပါအကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များမှ ပြောက်ကျားစစ်ဆင်ရေး ၄ အဖြစ် စစ်တပ်စခန်း ခြံစည်းရိုးနားအထိ ချဉ်း ကပ်ပြီး အလစ် အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးအင်အားကတော့များသေးတယ်ဗျ၊ ခြံစည်းရိုးနားအထိချဉ်းကပ်တိုက်ခိုက်ခဲ့တာ၊ လက်နက်ငယ်တွနဲ့အပြင် ၄၀ မမနဲ့ပြန်ပစ်တာရှိတယ်၊ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိသလို ပြည်သူတွေလည်း ထိခိုက်မှု မရှိပါဘူး။” ဟု Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA ပူးပေါင်းအဖွဲ့၊ KTLA ပူးပေါင်းအဖွဲ့များနှင့် Cobra Column 2 VENOM စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အနားမပေးဘဲ ပြောက် ကျားနည်းဖြင့် ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article