29 C
Yangon

မုံရွာမြို့နယ်၊ နမခ အခြေစိုက် အလုပ်ရုံ တပ်ရင်း ဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

မုံရွာမြို့နယ်၊ နမခ အခြေစိုက် အလုပ်ရုံ တပ်ရင်း ဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက် အလုပ်ရုံ တပ်ရင်းရှိ စစ်ဆေးရေးဂိတ်နှစ်ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကေင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်သား ၁၃ ဦးခန့်ဖြင့် စောင့်နေ သော မုံရွာ(နမခ) အခြေစိုက် အလုပ်ရုံတပ်ရင်း စစ်ဆေးရေးဂိတ် အဝင်ပေါက်နှင့် အင်အား ၆ ဦးခန့်ဖြင့် စောင့်နေသော အနောက်ဘက်လုံခြုံရေးဂိတ်ကို မီတာ ၆၀ အကွာအထိချဉ်းကပ်ပြီး လက်လုပ် ၆၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး လူနာတင်ယာဉ် များ ဝင်ရောက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ ကာ မီတာ ၆၀ အကွာအထိ ချဉ်းကပ်နိုင်ခဲ့သော်လည်း အနီးကပ်ရဲဘော်များမှာ မြေပြင်အနေအထားအရ ပစ်ခတ်တိုက်ခိုက်ရန် အခွင့်မသာခဲ့သဖြင့် လက်လုပ် လက်နက်ကြီးများဖြင့်သာ ပစ်ခတ်တိုက်ခိုက်ခဲ့ရ ကြောင်း၊ အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ၄၀ မမ လက် နက်ကြီး ၂ လုံး၊ ၆၀ မမ လက်နက်ကြီး ၄ လုံး၊ ၁၀၅ မမ လက်နက်ကြီး ၄ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၃ မှ ဦးဆောင်၍ မုံရွာခရိုင် တပ်ရင်း ၂ နှင့် ဘုတလင် Local PDF တစ်ဖွဲ့ဖြစ်သည့် အာမာန်သစ် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီခန့်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၃ မှ ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article