34 C
Yangon

မုံရွာမြို့နယ်၊ သာစည်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ သာစည်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က သာစည်ကျေးရွာရဲစခန်းအနီး ရွာလယ်လမ်းပေါ်တွင် ယာယီဂိတ်ဖွင့်ပြီး ပြည်သူများထံမှ ဆက်ကြေးကောက် ၊ စစ်ဆေးရေးလုပ်နေသေည့် အကြမ်းဖက် စစ်သားများကို အလစ် အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနောမှာပင် ပွဲချင်းပြီးသေဆုံးပြီး ဗိုလ် ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သာစည်ရွာအတွင်းပိုင်း မရောက်တရောက်မျာ သူတို့က ဂိတ်လုပ်နေတာဗျ၊ ရှောင်တခင်ဂိတ်ပေါ့၊ ဘေးကလည်း ထောင်ကွင်းပြင်ကြီးရှိတယ်၊ အဲဒီဘေးမှာလည်း ရဲစခန်းရှိတယ်ဆိုတော့ လမ်းပေါ် စိုးမိုး ရေးလုပ်တဲ့သဘောပေါ့၊ တခါတလေတော့ ပိုက်ဆံကောက်တယ်၊ အဲဒီဂိတ်ကို ကားနဲ့ဝင်ပစ်ခဲ့တာ၊ သိပ် မကြာလိုက်ဘူး၊ တစ်မိနစ်အတွင်းပဲပစ်ခဲ့တာ၊ အလစ်အငိုက်ပစ်တာဆိုတော့ သိပ်မကြာလိုက်ဘူး၊” Northwest Plains Revolutionary Forces – NPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု – NPRF နှင့် သလ္လာဝတီ ကာကွယ်ရေးတပ် – TLWDF တို့ပူးပေါင်းကာ ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ သာစည်ကျေးရွာတွင် အကျဉ်းထောင် အသစ်ဆောက်လုပ်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား အနည်း ၄၀ ခန့်မှ ၈၀ ခန့်အထိရှိကြောင်း၊ စစ်ကြောင်းထွက်ပါက အနည်းဆုံး အင် အား ၄၀ မှ ၅၀ ခန့်ကြား ပုံမှန်ရှိတတ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article