မြိုင်တွင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေး လူထုစကား၀ိုင်းပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၃
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြိုင်မြို့နယ်ပြည်သူ့ တော်လှန် ရေးအထောက်အကူပြုကော်မတီ(MPRSC)က ဦးဆောင်ပြု လုပ် သော “လူထုစကားဝိုင်း´´သို့ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေသ ပိတ် ကော်မတီ (BEGSC-MYAING)မှ ကော်မတီဝင်အချို့ သွားရောက်ပူးပေါင်း ကြကြောင်း သိရှိရသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေ သော စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီးစီးသည် အထိ တော်လှန်တိုက်ပွဲဝင်ကြရန်၊ လက်ရှိတော်လှန်ရေး အခြေအနေများ အပါအဝင် လူထုတရပ်လုံးပါဝင်သော လူထုတော်လှန်ရေးပီသ အောင် ကျရာ တာဝန်အသီးသီးကို ထမ်းဆောင်ကြရင်း မပြီးပြတ်သေးသော တော်လှန် ရေး ခရီးကို သက်လုံကောင်းကောင်းဖြင့် ဆက်လက်ချီတက်ကြရန် အပြန်အလှန် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။