25 C
Yangon

လွိုင်ကော်တွင် ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော် စစ်တပ် ထောင်ထား သော မိုင်းကို ဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ပွဲချင်းပြီး သေဆုံး၊ ဖြစ်စဉ်ကို ဝန်တင်တပ်ခွဲမှူးက ဖုံးကွယ်ပြီး လားထွက် ကျောင်း ရင်း မိုင်းနင်းမိသေဆုံးဟု အထက်သို့ လိမ်ညာသတင်းတင်ပြ

Must read

လွိုင်ကော်တွင် ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော် စစ်တပ် ထောင်ထား သော မိုင်းကို ဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ပွဲချင်းပြီး သေဆုံး၊ ဖြစ်စဉ်ကို ဝန်တင်တပ်ခွဲမှူးက ဖုံးကွယ်ပြီး လားထွက် ကျောင်း ရင်း မိုင်းနင်းမိသေဆုံးဟု အထက်သို့ လိမ်ညာသတင်းတင်ပြ

ရန်ကုန်၊ အောက်တိုဘာ ၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ် သား ရဲထက်ကျော်သည် စစ်တပ်က ထောင်ထားသော မိုင်းကို ဖြုတ် ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ဝန်တင် တပ်ခွဲမှူးက အထက်သို့ လိမ်ညာ အစီရင်ခံ တင်ပြထားကြောင်း စစ်တပ် သတင်း ရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် လွိုင်ကော်မြို့နယ်ရှိ ဝန်တင် တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော်သည် အမှတ် ၇၂၂ ထောက်ပို့ တပ်ခွဲက ထောင်ထားသော မိုင်းကို သွားရောက် ဖြုတ်ယူကြည့်ရာမှ မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါဖြစ်စဉ်ကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်သို့ အစီရင်ခံစာရာတွင် ဝန်တင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂ ၏ တပ်ခွဲမှူး ဗိုလ်မှူး ထွန်းထွန်းဇော်က အရေးယူခံရမည်ကို သိရှိ၍ လိမ်လည် အစီရင်ခံထားကြောင်း၊ တပ်သား ရဲထက်ကျော်သည် လားထွက် ကျောင်းစဉ် မိုင်းနင်းမိ၍ သေဆုံးသည်ဟု သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ထံသို့ တပ်ခွဲမှူးက လိမ်လည် အစီရင်ခံခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ထောင်ထားတဲ့ မိုင်းကိုဖြုတ် ကြည့်ရာကနေ ပွဲချင်းပြီး သေသွားပါ တယ်။ အဲဒါကိုဝန်တင်တပ်ခွဲမှူးဗိုလ်မှူးထွန်းထွန်းဇော်က သူရာထူးပြုတ် မှာစိုးတဲ့အတွက် အထက်လူကြီးတွေကို လားထွက်ကျောင်းနေရင်း ရေနီကန် သင်္ချိုင်း ဘက်မှာ စွန့်ပစ်မိုင်းနင်းမိပြီး သေသွားတယ်လို့ ညာခိုင်းထားပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ တပ်ခွဲမှူး လက်ထက်တွင် တပ်သား ၂ ဦး KNDF ထံသို့ အလင်းဝင်သွားမှုကိုလည်း တပ်မှ ထွက်ပြေးသွားသည်ဟုလည်း ကောင်း လိမ်လည် တင်ပြကြောင်း၊ တပ်မှ ရဲဘော်များ ထွက်ပြေးမည်စိုးရိမ်၍ လစာများကို ထုတ်မပေးဘဲ သိမ်းဆည်းထားကြောင်း သိရှိရသည်။

“အခုလက်ရှိ တပ်ခွဲမှူးက သူအုပ်ချုပ်နေစဥ် တပ်သား ၂ ဦး KNDF ဆီ အလင်းဝင် တယ်။ သူရာထူးပြုတ်မှာစိုးတဲ့အတွက် တပ်သား ၂ ဦး ရိုးရိုးထွက် ပြေးသွားတယ်လို့ညာခိုင်းထားပါတယ်။ နောက်တခါရဲဘော် တွေရဲ့လစာ ကိုလည်းတပြားမှထုတ်မပေးဘဲ အကုန်လုံးသိမ်းထားပြီး စျေးဝယ်စရာရှိရင် သူ့ဆီကပဲသူရောင်းတာပဲဝယ်ရပါတယ်။ လကုန်ရင်မင်းတို့ ပိုက်ဆံမရှိတော့ ဘူးလို့ပြောပြီးအကုန်သိမ်းနေပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

အမှတ် ၂ ဝန်တင် တပ်ရင်းသည် ပင်လုံတွင် တည်ရှိပြီး လွိုင်ကော်မြို့တွင် အမှတ် ၂ ဝန်တင်တပ်ရင်း ၏ တပ်ခွဲ ၂ ကို ထားရှိထားကြောင်း၊ အဆိုပါ တပ်ကို လားများ မွေးမြူရသည့် တပ်အဖြစ် လားတပ်ဟုလည်း ခေါ်ဝေါ်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆားလင်းကြီးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ရှင်းလင်းခဲ့ရ သည့် စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး။ (ပုံအဟောင်းဖြစ် ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article