30 C
Yangon

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDF က အရှင်ဖမ်းဆီးရမိ ၊ မြောင်မြို့နယ်ထွေ/အုပ်ရုံးကို PDF ပူးပေါင်းအဖွဲ့က ဝင်တိုက်

Must read

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDFများက မြို့ပြင်တစ်နေရာတွင် အရှင် ဖမ်းဆီးရမိကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရှိရသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကောလင်း-ပင်လည်ဘူး လမ်းမပေါ် ၊ ပေကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDF အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်‌ပြီး နယ်မြေစခန်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်တပ်နှင့်ဆက်သွယ် သတင်းပေးနေသောသူများ၊ သတင်းပေးဟု နာမည်ထွက်သူများကိုလည်း ဖမ်းဆီးမှုနှင့် တိုက်ခိုက်မှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ပင်လည်ဘူးမြို့နယ်၊ ကျောက်အင်းကုန်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူတစ်ဦးသေဆုံးသွားပြီး ပင်လည်ဘူးရဲစခန်းမှ ရဲတစ်ဦး၏ ဇနီးဖြစ်သူလည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း ဒေသတင်းရင်းမြစ်က ပြောသည်။

အလားတူ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မဟာမိတ်ညီနောင်သုံးဖွဲ့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၁)ကထုတ်ပြန်သည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁) အရန်တပ်ခွဲ(၁) နှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်ညီနောင်သုံးဖွဲ့ပူးပေါင်းကာ မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်မှုပြုလုပ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ယက္ခက သတင်းထုတ်ပြန်သည်။

မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်သားများ ထိခိုက်သေဆုံးပျက်စီးမှုရှိသည်ကို သိရှိရသော် လည်း တိုက်ခိုက်ပြီးသည်နှင့်ဆုတ်ခွာလာသဖြင့် စစ်တပ်၏သေဆုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းခရိုင်၊ တပ်ရင်း(၁) မှ ဗိုလ်ယက္ခက အသိပေးသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article