အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၉
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ အောက်တိုဘာ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “အမှန်တရားကိုမရမချင်း
ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ဘူးဆိုတဲ့စိတ်နဲ့အချိန်ရှိသမျှရှင်သန်နေတာကိုက ငါတို့အောင်ပွဲပဲ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။