26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပဲခူးမြို့မှာ မြစ်ရေကြီးမှုကြောင့် ၄ ရက်တာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးတဲ့နောက် ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရေတွေ ပြန်လည်ကျဆင်းနေပြီလို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

– စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာ တိုက်ပွဲမှာ အထိနာနေတဲ့အတွက် အကြမ်းဖက် စစ်တပ်အတွက် စစ်ကူလာတဲ့ Mi35 စစ်ရဟတ်ယာဉ် အနိမ့်ပိုင်း ပျံသန်းတဲ့အချိန် အမြီးပိုင်းကို ထိမှန်ပြီး အရေးပေါ် ဆင်းသက်သွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် နဲ့ မြေပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သိရပါတယ်။

– မိုးဗြဲမြို့က ဒုန်းဒူထန်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းကို အောက်တို ဘာလ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၆ ဦးထက် မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article