Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်တောင်းမြစ်ဝှမ်း နဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကို စိုးမိုးရေးအတွက် စစ်ဆင်ရေးတွေ လုပ်နေ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန်ဦးမောင်မောင်ဆွေ ပြောတဲ့ အပြင်စစ်ကောင်စီတပ်အတွင်း မှာ တော်လှန်ရေးအတွက် ဖရဲသီးတွေများပြား လာတာကြောင့် ဖရဲခင်း အခြေနေထိ ရောက်နေပြီဆိုပါတယ်။
– ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မနေ့က ညလုံးပေါက် မီးမလာပဲ မီးပျက်မှုအခြေနေဟာ အလွန်ဆိုးရွားနေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးတိုင်း၊ ကျောက်ကြီး နဲ့ မူးမြို့နယ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့တဲ့အပြင် ၊ ပြည်သူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာ ရထားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။